preloader-matrix

အစားပုံမှန်မစားရင် လာတွေဖြစ်လာနိုင်လဲ?

ပိန်ချင်လို့ပဲဖြစ်ဖြစ်၊ အလုပ်တွေများနေလို့ပဲဖြစ်ဖြစ် အစာမစားမိတာမျိုးဆိုရင် ဘာတွေဖြစ်လာနိုင်လဲ?…
• အစာစားချိန်မမှန်တာကြောင့် သွေးတွင်းသကြားဓါတ်ကျဆင်းလာပြီး ခေါင်းကိုက်ခြင်း၊ နုံးခြင်း၊ ပျို့အန်ခြင်းရင်တုန်ခြင်းတွေအပြင် အရမ်းဆိုးလာတဲ့အခြေအနေမျိုးမှာဆိုရင် တက်ခြင်း၊ သတိလစ်ခြင်း စတဲ့ ဦးနှောက်ကို ထိခိုက်စေနိုင်တဲ့ပြသနာများစွာပေါ်ပေါက်လာနိုင်ပါတယ်။
• သွေးတွင်းသကြားဓါတ်ကျဆင်းလာတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ကနေထုတ်လွှတ်ပေးလိုက်တဲ့ ဟော်မုန်းတချို့ဟာ သကြားဓါတ်ပြန်တက်စေတာမှန်ပေမယ့် နောက်ဆက်တွဲအနေနဲ့ သွေးပေါင်တက်လာတာမျိုးပါဖြစ်စေနိုင်ပါတယ်။
• အစာစားချိန်မမှန်လို့ဗိုက်ဆာတဲ့အချိန်မျိုးတွေဆိုရငိ မလှုပ်ချင်မကိုင်ချင်ဖြစ်လာတာမျိုး၊ နုံးပြီးနေလို့မကောင်းတာမျိုး၊ စိတ်ဓါတ်ကျတာမျိုးတွေ ဖြစ်စေနိုင်တဲ့အပြင် အလုပ်လုပ်နိုင်စွမ်းတွေပါကျဆင်းလာစေပါတယ်။
• အစာအိမ်ထဲမှာ အစာမရှိတဲ့အခါ တံထွေးထုတ်လွှတ်တာတွေလျော့နည်းသွားတဲ့အတွက်ကြောင့် ခံတွင်းထဲမှာဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွားလာစေနိုင်ပြီး ခံတွင်းအနံဆိုးတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
• ဒါ့အပြင် အစာစားချိန်မမှန်တာကြောင့်အစာအိမ်ကနေ အစာခြေရည်တွေ ပိုမိုထွက်လာစေပြီး အဲ့အရည်ထဲမှာပါတဲ့ acid ကြောင့် အစာအိမ်ယောင်တာ၊ အစာအိမ်မှာ အနာဖြစ်တာ၊ အစာခြေရည်တွေ အစာရည်မျိုထဲကို ပြန်တက်လာပြီး ရင်ပူတာတွေအပြင် အရမ်းဆိုးလာရင်တော့ အစာအိမ်နဲ့ အစာရည်မျို လမ်းကြောင်းတလျှောက်မှာ ကင်ဆာအထိဖြစ်စေနိုင်ပါတယ်။
• ဆီးချိုရောဂါခံစားနေရတဲ့လူနာတွေအနေနဲ့ အစာစားချိန်မမှန်ရင် သွေးတွင်းသကြားဓါတ်နဲ့ insulin မျှခြေအခြေအနေမှာ မရှိနိုင်တော့ပဲ ဆီးချိုရောဂါကို ပိုဆိုးစေပါတယ်။
Ref: XEN Life


ကျန်းမာရေးနဲ့ ဆိုင်တဲ့ မေးခွန်းများမေးမြန်းလိုပါက HOPE မှ ဆရာဝန်တွေကို မနက် ၈ မှ ည ၁၀နာရီ အတွင်း အခမဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်ရှင့်..
𝗛𝗢𝗣𝗘 𝗮𝗽𝗽 ဒေါင်းရန် :(For Android)
🤍 https://bit.ly/3sTy2sJ

HopeTeleCareMyanmar #hope

hopetelecare #အစာအိမ်ရောဂါ

Comments

You may also like these