preloader-matrix

ကိတ်မှ လှတာလား?

ဒီနေ့ခေတ်မှာ အမျိုးသမီးတော်တော်များများက အလှအပအတွက် ပြီးပြည့်စုံအောင်ရင်သား ခွဲစိတ် Silicone ထည့်တာ၊ Filler ထိုးတာမျိုးတွေ လုပ်လာကြပါပြီ။ အခုရက်ပိုင်းလည်း ဂယက်တော်တော်ထနေတဲ့ကိစ္စပါ။တကယ်ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ လုပ်ကြသလို အပြင်ကသေချာမသိတဲ့လူတွေနဲ့ ခွဲတာတွေလည်း မှိုလိုကိုပေါက်လို့နေပါတယ်။ 👩🏻‍⚕️ဒါဆိုရင်သားကြီးအောင် ခွဲစိတ် Implant ထည့် Silicone ထည့်တယ်ဆိုရင် ကင်ဆာဖြစ်စေပါသလား? ဖြစ်တတ်ပါတယ်။ တော်တော်လေး ရှားပေမယ့် ALCL (Anaplastic large cell lymphoma ) လို့ခေါ်တဲ့ကင်ဆာနဲ့ ဆက်စပ်မှုရှိတာတွေ့ရပါတယ်။ Implant ထည့်တိုင်း ဒီလိုCancer ဖြစ်မယ်လို့မဆိုလိုပါဘူး။ နောက်ထပ်လေ့လာမှုတွေ အများကြီးလိုပါသေးတယ်။👩🏻‍⚕️Fillers တွေထိုးတာကရော ရင်သားကင်ဆာ ဖြစ်စေပါသလား?Fillers တွေထိုးတာက အခုနောက်ပိုင်းတော်တော်ကိုခေတ်စားလာပါတယ်။ ထိုးတဲ့ Fillers အမျိုးအစားတွေလည်း အများကြီးရှိသလို Side effects တွေလည်းရှိပါတယ်။ မသန့်ရှင်းရင်ပိုးတွေဝင်တာ၊ ကျွမ်းကျင်မှုမရှိရင်နေရာတွေရွေ့တာ၊ အကြာကြီးမခံတာတွေဖြစ်တတ်ပါတယ်။ ဟိုးအရင်ကတော့ ရင်သားမှာ အလုံးပေါ်တာတွေဖြစ်တတ်ပါတယ်။ ကင်ဆာနဲ့ဆက်စပ်မှုရှိလားဆိုတာတော့ လေ့လာမှုတွေအရ မတွေ့ရသေးပါဘူး။👩🏻‍⚕️“Your Body, Your Choice” ပါ။ Flat ဆိုလည်း Sexy ပါပဲ။ ဒါပေမယ့် ကိုယ်ကကိတ်တာမျိုးကြိုက်လို့ခွဲမယ်ဆိုလည်း ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပဲလုပ်ပါ။ဒါကတကယ်ကို အရေးကြီးပါတယ်။ ပတ်ဝန်းကျင်မှာ အပြင်ကမကျွမ်းကျင်တဲ့လူတွေ၊ဆရာဝန်မဟုတ်တဲ့လူတွေနဲ့ Fillers ထိုးပြီး ပိုးဝင်၊ဆေးရုံရောက်၊ အသက်ပါသေသွားတဲ့လူတွေ လတ်တလောတွေ့နေရပါတယ်။ ဆရာဝန်နဲ့မို့ငွေကြေးလောလောဆယ်မတတ်နိုင်သေးရင်လည်း Online ကတွေ့ကရာလူနဲ့တော့ မလုပ်ပါနဲ့။ အလှအတွက်နဲ့ အသက်ပါပေးရရင်မတန်ပါဘူး။ 👩🏻‍⚕️အကုန်လုံးကကိုယ့်အလှနဲ့ကိုယ်ပါ။ Emily In Paris က Lily Collins လည်း Flat ပါပဲ။ ဒါပေမယ့် မိုက်နေတာပဲ၊ Angelina Jolie လည်း ရင်သားထုတ်ထားတာပါပဲ။ မိုက်ဆဲပါပဲ။ ကမ္ဘာကျော် Dua Lipa လည်း Flat and sexy ပါ။ဒီတော့ကိုယ့်မှာရှိတဲ့ အလှကိုပဲ တန်ဖိုးထားပါ။ ကြီးမှမိုက် တဲ့ခေတ်ကလည်း ကုန်သွားပါပြီ။ References : US National Library of Medicine, National Institute of Health, Mayo Clinic.____________________________ကျန်းမာရေးနဲ့ ဆိုင်တဲ့ မေးခွန်းများမေးမြန်းလိုပါက HOPE မှ ဆရာဝန်တွေကို မနက် ၈ မှ ည ၁၀နာရီ အတွင်း အခမဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်ရှင့်..𝗛𝗢𝗣𝗘 𝗮𝗽𝗽 ဒေါင်းရန် :(For Android)🤍https://bit.ly/3sTy2sJ2,210People reached81Engagements-2.1x lowerDistribution scoreBoost post

38You and 37 others1 Share

LoveCommentShare

Comments

You may also like these