preloader-matrix

ကိုဗစ်ကာကွယ်ဆေး ၂ကြိမ် ထိုးပြီးလို့ စိတ်ချရပြီလား?

ကိုဗစ်ကာကွယ်ဆေး ၂ကြိမ် ထိုးပြီးလို့ စိတ်ချရပြီလား?
ကိုဗစ်ကာကွယ်ဆေးဟာ ကိုဗစ်ရောဂါပိုးကို ရာနှုန်းပြည့်ကာကွယ်ပေးနိုင်တာမျိုးမဟုတ်ပဲ ရောဂါပြင်းထန်မှုနှုန်းနဲ့ ကိုဗစ်ကြောင့် လူသေဆုံးနှုန်း ကိုလျှော့ချပေးတယ်ဆိုတာ အားလုံးပဲ သိရှိပြီးသားဖြစ်မှာပါ။ ကိုဗစ်ကာကွယ်ဆေးလုံးဝမထိုးရသေးတဲ့သူတွေအနေနဲ့ ၂ကြိမ်ပြည့်အောင်ထိုးဖို့ လိုအပ်သလို ၂ကြိမ် ထိုးပြီးသားလူတွေ အနေနဲ့လဲ ထိုးခဲ့တဲ့ဆေးအမျိုးအစားပေါ်မူတည်ပြီး ၃-၆ လလောက်အကြာမှာ တတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ လိုအပ်ပါတယ်။
ဘာလို့ ကိုဗစ်ကာကွယ်ဆေးကို တတိယအကြိမ် ထိုးဖို့ လိုအပ်တာလဲ ?
ကာကွယ်ဆေးထိုးတာက ၂ကြိမ်ထက်စာရင် ၃ကြိမ်ထိုးလိုက်တာဟာ ပိုပြီး စိတ်ချရပါတယ်၊ ဘာကြောင့်လဲ ဆိုတော့…
၁. ကာကွယ်ဆေး ၂ကြိမ် ထိုးပြီး အချိန်ကြာလာတာနဲ့အမျှ ဆေးကပေးတဲ့ ရောဂါကာကွယ်နိုင်စွမ်းတွေဟာ တဖြည်းဖြည်းနဲ့ အားနည်းလာပါတယ်၊
၂. အသစ်အသစ်တွေပေါ်နေတဲ့ ကိုရိုနာပိုးတွေကြောင့် ကိုဗစ်ကာကွယ်ဆေးတွေဟာ ပညာရှင်တွေ မျှော်မှန်းထားသလို ကာကွယ်မှုအပြည့်အဝမပေးနိုင်တော့မှာစိုးရပါတယ်။
WHO ကနေ ၂၀၂၁ နိုဝင်ဘာ ၂၆ရက်မှာ အသစ်ပေါ်လာပြီဆိုတဲ့အကြောင်း ကြေညာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးရိုးဗီဇပြောင်း အိုမိုက်ခရွန် (omicron) ဟာ အခုချိန်မှာ မြန်မာနိုင်ငံကိုရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ကိုဗစ်ပိုးကူးစက်ခံရဖူးတဲ့လူတွေဆီမှာ ပိုပြီး ကူးစက်နိုင်တယ်ဆိုတဲ့ စာတမ်းတွေ ထွက်ရှိထားပေမယ့် တိကျတဲ့ရလာဒ်တွေတော့ မထွက်ရှိသေးပါဘူး။ ဒါကြောင့် အရင်အချိန်တွေကလိုပဲ mask သေချာတပ်၊ လက်ဆေး၊ လူစုလူဝေးရှောင်ပြီး ကာကွယ်ဆေး မထိုးရသေးတဲ့ သူတွေအနေနဲ့လဲ ကာကွယ်ဆေးထိုးသင့်ပြီး ၂ကြိမ်ထိုးပြီးတဲ့ သူတွေအနေနဲ့ တတိယအကြိမ် ထပ်ထိုးသင့်တဲ့အကြောင်းလေး ဝေမျှပေးလိုက်ပါတယ်။
Ref: WHO

Comments

You may also like these