preloader-matrix

၁၈ နှစ်မပြည့်ခင် ရည်းစားနဲ့အတူနေသင့်လား?

အခုလိုပွင့်လင်းမြင်သာတဲ့ခေတ်ကြီးထဲမှာ လူငယ်တွေကြားမှာ ရည်းစားထားကြတာဟာ သိပ်မထူးဆန်းတော့တဲ့အရာတစ်ခုလို ဖြစ်နေပါပြီ။ ရည်းစားထားတာရဲ့နောက်ကနေကပ်ပါလာတာက မိမိရည်းစားနဲ့အတူနေကြည့်ချင်ကြတာပဲဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ လူငယ်တွေဟာ ၈နှစ်မှ ၁၄နှစ်အတွင်း လူပျိုဖေါ်၊ အပျိုဖေါ်စဝင်တာနဲ့ အတူနေဖို့၊ တစ်နည်းအားဖြင့်ပြောရရင် မျိုးပွားဖို့ ကိုယ်ခန္ဓာဖွံဖြိုးကြီးထွားမှုရှုဒေါင့်အရပြောရရင် အတောင်အလက်စုံလင်ပြီလို့ ပြောလို့ရပါတယ်။ ကိုယ်ခန္ဓာဖွံဖြိုးမှုစတင်လာတာနဲ့အတူ ဆန့်ကျင်ဖက်လိင်ပေါ်မှာစိတ်ဝင်စားမှုတွေမြင့်တက်လာကြတာဟာ ဓမ္မတာပါ။ သို့သော်…ကိုယ်ခန္ဓာဖွံဖြိုးမှုပြည့်စုံလာတိုင်း အတူနေဖို့အဆင်သင့်ဖြစ်ပြီလို့မဆိုလိုနိုင်ပါဘူး။ ဖိုမသဘာ၀ခံစားမှုသပ်သပ်အတွက်နဲ့ အတူနေလိုက်တာရဲ့နောက်ကွယ်မှာ အတူတူနေခြင်းရဲ့အဓိကဦးတည်ချက်ဟာ မျိုးပွားခြင်းဖြစ်တဲ့အတွက် အထိအတွေ့ခံစားမှုနောက်လိုက်ရင်း မျိုးပွားခြင်းရဲ့ရလဒ်ဖြစ်တဲ့ ကိုယ်ဝန်ဆောင်ခြင်းဆိုတာကိုပါ အမှတ်မထင်ပဲရရှိလာနိုင်ချေတွေရှိပါတယ်။ အရွယ်ရောက်ပြီးသူများတောင်မှ ထိရောက်ပြီးဘေးကင်းတဲ့သားဆက်ခြားနည်းများကိုအသုံးမပြုနိုင်ချိန်မှာ လူငယ်လေးများမှာ ခံစားမှုနောက်လိုက်ကြရင်းနဲ့ အခန့်မသင့်ဘဲကိုယ်ဝန်ရလာတဲ့အခါမှာ အရမ်းငယ်ရွယ်တဲ့မိဘများဖြစ်လာနိုင်ပါတယ်။ တကယ်လို့ အတူနေမိရင်းနဲ့ အကာအကွယ်မသုံးမိရင် ကိုယ်ဝန်အပြင် လိင်မှတဆင့်ကူးစက်တတ်တဲ့ပိုးတွေလဲ ကူးစက်ခံရနိုင်ပါတယ်။ ကိုယ်ခန္ဓာဖွံဖြိုးမှုကအဆင်သင့်ဖြစ်နေပေမယ့် အရမ်းငယ်သေးတဲ့အရွယ်များမှာ မိမိရင်သွေးကိုရှာကျွေးဖို့ပြသနာ၊ ကလေးတစ်ယောက်ကိုတည့်မတ်မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်အောင် ပဲ့ကိုင်ဆုံးမသွန်သင်နိုင်စွမ်းများ မရှိသေးတဲ့အပြင် မိမိတို့ကိုယ်တိုင်မှာလဲ လူငယ်ဘ၀မှာသာရရှိနိုင်မယ့် လွတ်လပ်တဲ့အခွင့်အရေးများကို ဆုံးရှုံးလာမှာဖြစ်ပါတယ်။ အသက် ၁၈နှစ်ပြည့်ပြီးချိန်မှာတော့ မိမိကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်းရှိပြီလို့သတ်မှတ်တဲ့အတွက် တရားဝင်လက်ထပ်နိုင်တဲ့အသက်အရွယ်ကိုလဲ ၁၈နှစ်လို့ သတ်မှတ်ထားကြတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ အချုပ်အားဖြင့်ပြောရရင် အသက် ၁၈နှစ်မတိုင်ခင်မှာ အတူနေချင်စိတ်ဖြစ်ပေါ်လာခဲ့တဲ့အခါတိုင်း အထက်မှာဆွေးနွေးထားတဲ့အချက်များကိုပြန်စဉ်းစားပြီး ကောင်းကျိုး ဆိုးကျိုးများကိုချင့်ချိန်ကာ ဆန္ဒကိုအသိဉာဏ်နဲ့ထိန်းဖို့ တိုက်တွန်းလိုက်ပါရစေ။ ____________________________ကျန်းမာရေးနဲ့ ဆိုင်တဲ့ မေးခွန်းများမေးမြန်းလိုပါက HOPE မှ ဆရာဝန်တွေကို မနက် ၈ မှ ည ၁၀နာရီ အတွင်း အခမဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်ရှင့်..𝗛𝗢𝗣𝗘 𝗮𝗽𝗽 ဒေါင်းရန် :(For Android)🤍https://bit.ly/3sTy2sJ

Comments

You may also like these